OTTO Digital Air Fryer Oven (AFO-2324D)
Netweight:
Sold by: All Win Trading
Ks 245,250
Ks 272,500
Tax included.
Shipping calculated at checkout.
Product Details
- Brand: OTTO
- Model No: AFO-2324D
- Capacity : 23L
- Power Watt: 1700W
- Voltage : 220~240V , 50/60Hz
- Body : Stainless Steel
- Non-stick
- Temperature : 40°C to230°C
- Air Fryer Oven သည် ဆီကြော်မုန့်များ အပြင် တစ်ခြားဆီရှောင်ချက်ပြုတ်မှုများအတွက် အဆင်ပြေစေပါသည်။ ဆီမလိုသည့်အတွက် ဆီကုန် သက်သာသည့် အပြင် အညှော်နံမထွက် သည့်အတွက်ကြောင့် ပတ်ဝန်းကျင်ကိုလဲ အနှောက်အယှက် မဖြစ်စေနိုင်ပါ။
- ဟင်းချက် Menu (10) မျိုးအထိရွေးချယ်နိုင်သည့်အပြင် အပူချိန်ကို 40°C မှ 230°C အထိလိုအပ်သလို ချိန်ညှိနိုင်ပါသည်။ Digital Function ဖြစ်သည့် အပြင် 60 minutes Timer ပါဝင်သည့် အတွက် အသုံးပြုရပိုမိုအဆင်ပြေစေပါသည်။ စက်၏ ကိုယ်ထည်မှာ Stainless Steel ဖြစ်ပြီ (23L) အထိ ဝင်ဆံ့သည့်အတွက်အိမ်သုံးအတွက် သာမက ဆိုင်သုံးအတွက်ပါ အဆင်ပြေစေပါသည်။
- Digital Air Fryer Oven ၏ အားသာချက်မှာ Oven ကဲ့သို့သော ကိတ်မုန့်/ပေါင်မုန့် ဖုတ်ခြင်း၊ ပီဇာလုပ်ခြင်း၊ အသား/ငါးများကင်းခြင်း စသည့်တို့ လုပ်ဆောင်နိုင်သကဲ့သို Oven တွင်မပါဝင်သော Function များဖြစ်သည့် အစားအစာများကို ပိုမို ကြွပ်ရွအောင်ပြုလုပ်နိုင်ခြင်း၊ ငါးကြော်ခြင်း၊ ကြက်ကြော်ခြင်း၊ အာလူးကြော်ခြင်း၊ဟင်းသီး ဟင်းရွက်များကို Dehydrate လုပ်ခြင်း၊အကင်းမျိုးစုံ၊ Steak ပြုလုပ်ခြင်း၊ ကွတ်ကီးပြုလုပ်နိုင်ခြင်း၊ ပူတင်းပြုလုပ်ခြင်း စသည့် Function များ အဓိကပါဝင်ထားပါသည်။
- ထို့အပြင် Microwave Oven ကဲ့သို့ သော အသား/ငါး၊ အသီးအရွက်များကို Grill ပြုလုပ်ခြင်း၊ Defrosting လုပ်ခြင်း၊ အစားအစာများကို (Warm) နွှေးနိုင်ခြင်း စသည့် Function များပါဝင်ထားပါသေးသည်။
- စက်အတွင်း အကြော်ခြင်း မှာ Non-stick ဖြင့်ပြုလုပ်ထားခြင်းကြောင့် ကြာရှည်အသုံးခံပြီး ဆေးကြောရလွယ်ကူစေပါသည်။ ပါဝင်သည့် Accessories များမှာ မုန့်ဖုတ်ဗန်း၊ ဇကားဗန်း၊ အကြော်ခြင်း၊ အကင်ချောင်း၊ အကင်းချောင်းထုတ်တံ တို့ပါဝင်ပါသည်။
- အပူချိန်မြင့်တက်ခဲ့ပါက အလိုအလျောက်ဖြတ်တောက်ပေးသည့် စနစ်ပါရရှိသည့် အပြင် Air Fryer အနေနှင့်သာမက Microwave Oven အနေနှင့်ရော Oven ထက်ပိုမိုစုံလင်သည့် Function အနေနှင့်ပါ အသုံးပြုနိုင်သော အရေးအသွေးမြင့် Digital Air Fryer Oven ဖြစ်ပါသည်။
- ကျန်းမားရေးရှု့ထောင့်ဘက်ကကြည့်မည်ဆိုပါက ဆီအကြော်စားများ စားခြင်းကြောင့် ဝိတ်တက်လာနိုင်သည့် အပြင် Cancer ရောဂါကိုဖြစ်စေနိုင်သည့် Acrylamide ဓာတ်သည် လူအများအတွက် ကျန်းမားရေးအရ ထိခိုင်စေနိုင်ပါသည်။ Air Fryer Oven ဖြင့်ချက်ပြုတ်ထားသာ အစားအစာများသည် အဆိုပါ Cancer ဖြစ်စေနိုင်သော ဓာတ်ကို 90% ထိလျှော့ချနိုင်ခြင်း၊ အဆီဓာတ် 75% လျှော့ချနိုင်ခြင်း အပြင်၊ အဝလွန်စေသော Calories ဓာတ်ကိုလဲ လျှော့ချပေးနိုင်ခြင်း၊ အစားအသောက်၏ ပုံစံနှင့် အရသာကို မပျက် ထိန်းထားနိုင်ခြင်း၊ အသားများတွင်မူလပါဝင်သော အဆီဓာတ်ကို ဖယ်ရှားပေးနိုင်ခြင်းတို့ကြောင့် ကျန်းမားရေးနှင့် ညီညွှတ်သော အစားအစာများကို စားသောက်နိုင်ရုံသာမက အစားလျှော့စရာမလိုပဲ ဝိတ်ကိုလျှော့ကျစေနိုင်သဖြင့် မိသားစုတိုင်းသုံးဆွဲသင့်သော မီးဖိုချောင်းသုံး ပစ္စည်းလေးတစ်ခုဖြစ်ပါသည်။